အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ Infrastructure PPP framework နှင့် ပတ်သက်သည့် DICA-JICA ညှိနှိုင်းအစည်းအဝေးများသို့ တက်ရောက်ခဲ့ခြင်း

အင်ဒိုနီးရှားနိုင်ငံတွင် ကျင်းပပြုလုပ်ခဲ့သည့် မြန်မာနိုင်ငံ Infrastructure PPP framework နှင့် ပတ်သက်သည့် DICA-JICA ညှိနှိုင်းအစည်းအဝေးများသို့ တက်ရောက်ခဲ့ခြင်း

Posted on 07 March 2016

အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦး ဦးဆောင်သော လုပ်ငန်းကော်မတီအဖွဲ့ဝင် ၁၄ ဦးပါဝင်သည့် DICA-JICA Discussion Series on Infrastructure PPP framework in Myanmar လေ့လာရေးအဖွဲ့ သည် အင်ဒိုနီးရှားနိုင်ငံ လေ့လာခရီးစဉ်၏ နောက်ဆုံးနေ့အဖြစ်(၄-၃-၂၀၁၆) ရက်နေ့တွင် ဂျကာတာမြို့ရှိ PPP အစီအစဉ်များကို အဓိကပူးပေါင်းဆောင်ရွက်လျှက်ရှိသော စီးပွားရေးဝန်ကြီးဌာန၊ ဘဏ္ဍာရေးဝန်ကြီးဌာနနှင့် အင်ဒိုနီးရှားပူးပေါင်းဆောင်ရွက်ရေး ဘုတ်အဖွဲ့တို့သို့ သွားရောက်လေ့လာခဲ့ပါသည်။