
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနနှင့် အာဆီယံ-ကိုရီးယားစင်တာတို့ ပူးပေါင်း၍ အခြေခံအဆောက်အအုံကဏ္ဍနှင့် စွမ်းအင်ကဏ္ဍတို့နှင့် စပ်လျဉ်းသည့် Myanmar-Korea Investment Forum ကို ၂၀၁၆ ခုနှစ် ဇန်နဝါရီလ ၁၄ ရက်နေ့ နံနက် (၈:၃၀) မှ ညနေ (၅:၃၀) နာရီ အထိ ရန်ကုန်မြို့ရှိ Novotel Yangon Max Hotel ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။
ဖိုရမ်ဖွင့်ပွဲ အခမ်းအနားသို့ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား သံအမတ်ကြီး၊ အာဆီယံ-ကိုရီးယားစင်တာ အထွေထွေအတွင်းရေးမှူး၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ မြန်မာနိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်များ၊ ကိုရီးယား စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း (၁၀၀)ဦးခန့် တက်ရောက်ခဲ့ကြပါသည်။
ဖိုရမ်ဖွင့်ပွဲ အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ ကိုရီးယား သံအမတ်ကြီး Mr. Lee Baek-soon ၊ အာဆီယံ-ကိုရီးယားစင်တာ အထွေထွေအတွင်းရေးမှူး H.E Kim Young-Sun၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးထွန်းထွန်းနိုင်၊ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် အတွင်းရေးမှူး ဦးအောင်နိုင်ဦး တို့မှ အမှာစကား အသီးသီး ပြောကြားကြပါသည်။ ထို့နောက် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များမှ မြန်မာနိုင်ငံရှိ စီးပွားရေး အခွင့်အလမ်းများအား ရှင်းလင်းတင်ပြကြပါသည်။
နေ့လည်ပိုင်းတွင် မြန်မာစီးပွားရေးလုပ်ငန်းရှင်များနှင့် ကိုရီးယားစီးပွားရေး လုပ်ငန်းရှင်တို့ တွေ့ဆုံဆွေးနွေးသည့် One-On-One Business Meeting ကို ကျင်းပပြုလုပ်ခဲ့ပါသည်။