အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မှ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခြင်း

အပြည်ပြည်ဆိုင်ရာငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မှ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံခြင်း

Posted on 27 October 2015

အပြည်ပြည်ဆိုင်ရာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) မှ Mr. Yong Zheng Yang ခေါင်းဆောင် သော ကိုယ်စားလှယ်အဖွဲ့သည် ၂၆-၁၀-၂၀၁၅ ရက်နေ့ ညနေ ၃:၃၀ နာရီတွင် အမှတ် (၁)၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ် ရန်ကုန်ရှိ ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနသို့ လာရောက်၍ တွေ့ဆုံခဲ့ ပြီး IMF အစီရင်ခံစာတွင် ထည့်သွင်းမည့် မြန်မာနိုင်ငံ၏ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အချက်အလက်များနှင့် စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။