
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ၁၉၁၄ မြန်မာနိုင်ငံ ကုမ္ပဏီများအက် ဥပဒေနှင့် ၁၉၅၀ အထူးကုမ္ပဏီအက်ဥပဒေများအရ ဖွဲ့စည်းမှတ်ပုံတင်ပြီးသော ကုမ္ပဏီများအနေဖြင့် မှတ်ပုံတင်သက်တမ်း ကျန်ရှိသည်ဖြစ်စေ၊ မှတ်ပုံတင်သက်တမ်း ကုန်ဆုံးသည်ဖြစ်စေ လုပ်ငန်း ဆက်လက် လုပ်ကိုင်ဆောင်ရွက်လျက်ရှိပါက ဦးစီးဌာန (ရုံးချုပ်)နှင့် ရုံးခွဲများသို့ အောက်ဖော်ပြပါ လိပ်စာများအတိုင်း ၂၀၁၅ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်နေ့ နောက်ဆုံးထား သတင်းပေးပို့ ဆက်သွယ်ဆောင်ရွက်ကြပါရန် နေ့စဉ်ထုတ်သတင်းစာများတွင် ထည့်သွင်း ဖော်ပြ၍ ကုမ္ပဏီများအား အသိပေးကြေညာပြီးဖြစ်ပါသည်။
ကြေညာချက်နှင့်ပတ်သက်၍ ကုမ္ပဏီအချို့က နောက်ဆုံး သတင်းပို့ရမည့်ရက်ကို တိုးမြှင့်ပေးရန် မေတ္တာရပ်ခံချက်အရ အကြောင်းအမျိုးမျိုးကြောင့် ဆက်သွယ်ဆောင်ရွက်နိုင်ခြင်း မရှိသေးသော ကုမ္ပဏီများအနေဖြင့် လုပ်ငန်းဆက်လက်လုပ်ကိုင် ဆောင်ရွက်လျက်ရှိပါက ၂၀၁၅ ခုနှစ်၊ အောက်တိုဘာလ ၁၆ ရက်နေ့ နောက်ဆုံး ထား၍ သတင်းပေးပို့ ဆက်သွယ်ဆောင်ရွက်ကြပါရန် ထပ်မံ အသိပေးအပ်ပါသည်။ သတ်မှတ်ပေးသည့် ရက်အတွင်း သတင်းပေးပို့ ဆက်သွယ် ဆောင်ရွက်ခြင်း မရှိသော ကုမ္ပဏီများအား ၁၉၁၄ မြန်မာနိုင်ငံကုမ္ပဏီများ အက်ဥပဒေပုဒ်မ ၂၄၇ နှင့်အညီ မှတ်ပုံတင် စာရင်းမှ ပယ်ဖျက်ရန် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း အသိပေးကြေညာအပ်ပါသည်။
(က) ရန်ကုန်ရုံးချုပ် အမှတ်-၁၊ သစ္စာလမ်း၊ ရန်ကင်းမြို့နယ်၊ ရန်ကုန်မြို့။
ဖုန်း-၀၁-၆၅၇၈၉၁၊ ဖက်စ်-၀၁-၆၅၈၁၃၅
[email protected]
(ခ) နေပြည်တော်ရုံး ရုံးအမှတ်-၃၂၊ နေပြည်တော်။
ဖုန်း-၀၆၇-၄၀၆၁၂၄၊ ၀၆၇-၄၀၆၁၆၆၊ ဖက်စ်-၀၆၇-၄၀၆၃၀၆
[email protected]
(ဂ) မန္တလေးတိုင်းဒေသကြီး ဦးစီးမှူးရုံး ၂၆x၂ရလမ်းကြား၊၈၄လမ်း၊ ဈေးချိုအရှေ့ဘက်တိုက်တန်း၊ တတိယထပ်၊ ချမ်းအေးသာဇံမြို့နယ်၊ မန္တလေးမြို့။
ဖုန်း-၀၂-၈၆၆၆၁၊ ၀၂-၈၆၆၆၂၊ ဖက်စ်-၀၂-၈၆၆၆၀
[email protected]
(ဃ) ရှမ်းပြည်နယ်ဦးစီးမှူးရုံး ကုန်သွယ်မှု မြှင့်တင်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာနဝင်း၊ အရှေ့မြို့ပတ်လမ်း၊ ရေးအေးကွင်းရပ်၊ တောင်ကြီးမြို့၊ ရှမ်းပြည်နယ်။
ဖုန်း-၀၈၁-၂၁၂၄၂၉၃၊ ဖက်စ်-၀၈၁-၂၁၂၄၉၇၄
[email protected]
(င) မွန်ပြည်နယ်ဦးစီးမှူးရုံး အမှတ်-၄၀၁၊ တိုးချဲ့ကမ်းနားလမ်း၊ မရမ်းကုန်းရပ်ကွက်၊ မော်လမြိုင် မြို့နယ်၊ မွန်ပြည်နယ်။
ဖုန်း-၀၅၇-၂၃၃၉၅၊ ဖက်စ်-၀၅၇-၂၃၃၈၅
[email protected]
ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန