ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်းကြည့်ရှုခြင်း

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်းကြည့်ရှုခြင်း

Posted on 06 September 2024

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် ရွှေပြည်သာ မြို့နယ်ရှိ CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုးချုပ်လုပ်ခြင်း လုပ်ငန်း ဆောင်ရွက်လျက်ရှိ သော စက်ရုံ၏ လုပ်ငန်းဆောင်ရွက်နေမှုအခြေအနေ၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရှိ နိုင်ငံတကာအဆင့်မီ တန်ဖိုးမြှင့်ရာဘာ ထုတ်လုပ်၍ ပြည်ပသို့တင်ပို့ခြင်းလုပ်ငန်း၏ မြေပြင် အခြေအနေတို့အား ၂၀၂၄ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့တွင် ကွင်းဆင်းစစ်ဆေး၍ ရင်းနှီး မြှုပ်နှံသူများ၏ တာဝန်ဝတ္တရားများ လိုက်နာဆောင်ရွက်မှုအခြေအနေ၊ လုပ်ငန်းဆောင်ရွက် ရာတွင် တွေ့ကြုံရသည့် အခက်အခဲများနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။