နေပြည်တော် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့က တွေ့ဆုံဝန်ဆောင်မှုပေးခြင်း

နေပြည်တော် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့က တွေ့ဆုံဝန်ဆောင်မှုပေးခြင်း

Posted on 15 November 2023

နေပြည်တော် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့က ဦးဆောင်၍ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့်အညီ ခွင့်ပြုထားသည့် နိုင်ငံတကာ အဆင့်မီ ဟိုတယ်တည်ဆောက်၍ ဝန်ဆောင်မှုပေးအပ်ခြင်းလုပ်ငန်းနှင့် ပျားရည် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းတို့၏ တာဝန်ရှိသူများအား ၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၁၀ ရက်နေ့တွင် Video Conferencing စနစ်ဖြင့် တွေ့ဆုံဝန်ဆောင်မှုပေးခဲ့ပြီး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို ဆွေးနွေးမေးမြန်းခဲ့ကာ လုပ်ငန်းများအဆင်ပြေ ချောမွေ့စွာ လည်ပတ်နိုင်ရေးအတွက် လိုအပ်သည်များကို ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ပါသည်။