မန္တလေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၃) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

မန္တလေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၃) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

Posted on 10 November 2023

မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၃) ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂၃ ခုနှစ် နိုဝင်ဘာလ ၈ ရက်နေ့တွင် မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။ အဆိုပါအစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ ဦးမျိုးအောင် မန္တလေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များ တက်ရောက်သည်။

          အစည်းအဝေးတွင် နိုင်ငံသား ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းအနေဖြင့် စက်မှုကဏ္ဍအတွက် (၄) ခု ၊ မွေးမြူရေးကဏ္ဍအတွက် (၁) ခု စုစုပေါင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၅) ခု၏ အတည်ပြုလျှောက်ထားလွှာများကို ခွင့်ပြုသည်။ အတည်ပြုမိန့်ရရှိခဲ့သည့် လုပ်ငန်း(၅)ခု၏ ရင်းနှီး မြှုပ်နှံမှုပမာဏမှာ ကျပ် ၇၄၁၃.၁၉ သန်း ဖြစ်ပြီး စုစုပေါင်း အလုပ်အကိုင်အခွင့်အလမ်း ၂၂၄ နေရာကို ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။