ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများ ပါဝင်သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ရှမ်းပြည်နယ်တောင်ပိုင်း၊ အေးသာယာမြို့နယ်နှင့် ဟဲဟိုး မြို့နယ်အတွင်းရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေဖြင့် လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသော ဟိုတယ်ဝန်ဆောင်မှုလုပ်ငန်း၊ စက်အုတ်ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းနှင့် အခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတို့ကို ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၂၀ ရက်နေ့တွင် သွားရောက်ကွင်းဆင်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။
Posted on 22 September 2023