ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့၏ ကွင်းဆင်းကြည့်ရှုအားပေးခြင်း

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့၏ ကွင်းဆင်းကြည့်ရှုအားပေးခြင်း

Posted on 15 September 2023

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် ဒဂုံမြို့သစ် (ဆိပ်ကမ်း) မြို့နယ်နှင့် ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ရှိ CMP စနစ်ဖြင့် Virgin Remy Double Drawn Hair & Wigs ထုတ်လုပ်ခြင်းလုပ်ငန်း၊ ငံပြာရည်ထုတ်လုပ်ခြင်း၊ ရောင်းချခြင်းနှင့် ဖြန့်ဖြူးခြင်းလုပ်ငန်း၊ အိမ်သုံးနှင့် လူသုံးကုန်ပစ္စည်းများ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်းတို့ ဆောင်ရွက်လျက်ရှိသော စက်ရုံများသို့ ၂၀၂၃ ခုနှစ် စက်တင်ဘာလ ၁၂ ရက်နေ့တွင် သွား ရောက်၍ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ မီးဘေးအန္တရာယ် ကာကွယ်ရေးနှင့် မီး အာမခံထားရှိမှု အခြေအနေများ၊ တွေ့ကြုံရသည့် အခက်အခဲများနှင့်စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။