“မဲခေါင် - လန်ချန်းနိုင်ငံများတွင် အများပါဝင်နိုင်သော၊ စဉ်ဆက်မပြတ်သော ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်နိုင်မည့် အလေ့အကျင့်ကောင်းများဆိုင်ရာ ဒေသတွင်းအဆင့် အလုပ်ရုံဆွေးနွေးပွဲ” ကျင်းပပြုလုပ်ခြင်း

“မဲခေါင် - လန်ချန်းနိုင်ငံများတွင် အများပါဝင်နိုင်သော၊ စဉ်ဆက်မပြတ်သော ရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်နိုင်မည့် အလေ့အကျင့်ကောင်းများဆိုင်ရာ ဒေသတွင်းအဆင့် အလုပ်ရုံဆွေးနွေးပွဲ” ကျင်းပပြုလုပ်ခြင်း

Posted on 25 May 2023

၂၀၂၃ ခုနှစ်၊ မေလ ၂၄ ရက်

မဲခေါင် - လန်ချန်းပူးပေါင်းဆောင်ရွက်မှုအထူးရန်ပုံငွေ (၂၀၂၂) ဖြင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနက ဦးဆောင်၍ “မဲခေါင် - လန်ချန်းနိုင်ငံများ တွင် အများပါဝင်နိုင်သော၊ စဉ်ဆက်မပြတ်သောရင်းနှီးမြှုပ်နှံမှုကို မြှင့်တင်နိုင်မည့် အလေ့ အကျင့်ကောင်းများဆိုင်ရာဒေသတွင်းအဆင့်ဆွေးနွေးပွဲ” အခမ်းအနားကို ၂၀၂၃ ခုနှစ်၊ မေလ ၂၄ ရက်နေ့တွင် နေပြည်တော်၊ Grand Amara Hotel ၌ Hybrid ပုံစံဖြင့် ကျင်းပ ပြုလုပ်ခဲ့ပါသည်။ ဖွင့်ပွဲအခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာကံဇော် တက်ရောက်၍ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အလုပ်ရုံဆွေးနွေးပွဲကို ဖွင့်လှစ်ပေးခဲ့သည်။

ဖွင့်ပွဲအခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံအမတ်ကြီး Mr. Chen Hai၊ မဲခေါင် - လန်ချန်းပူးပေါင်း ဆောင်ရွက်မှု ညှိနှိုင်း ကွပ်ကဲရေးအဖွဲ့ ဥက္ကဋ္ဌနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းများ နှင့် စီးပွားရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဒေါ်မာလာသန်းထိုက်တို့က အဖွင့်အမှာ စကား အသီးသီးပြောကြားခဲ့ပြီး မဲခေါင် - လန်ချန်းအဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ကမ္ဘောဒီးယားနိုင်ငံ၊ လာအိုနိုင်ငံ၊ ထိုင်းနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့ရှိ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအေဂျင်စီများမှ အကြီးအကဲများက အွန်လိုင်းမှတစ်ဆင့် မိတ်ဆက်စကား ပြောကြားခဲ့ကြပါသည်။

အဆိုပါဆွေးနွေးပွဲကို မဲခေါင် - လန်ချန်းဒေသတွင်း၌ အများပါဝင်အကျိုးခံစားနိုင်သော စဉ်ဆက်မပြတ်ဖွံ့ဖြိုးတိုးတက်မှုကို ဦးတည်သည့်ရင်းနှီးမြှုပ်နှံမှုများကို မြှင့်တင်နိုင်ရေး အတွက် မဲခေါင် - လန်ချန်းအဖွဲ့ဝင်နိုင်ငံများရှိ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဌာနများအနေဖြင့် ကာလတို၊ ကာလလတ်နှင့် ကာလရှည်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာမူဝါဒများ ရေးဆွဲချမှတ်ရာ တွင် အထောက်အကူပြုနိုင်ရန်နှင့် ပုဂ္ဂလိကကဏ္ဍမှ စွန့်ဦးတီထွင်လုပ်ငန်းများကလည်း ယင်းတို့၏ အများပါဝင်အကျိုးခံစားနိုင်သည့် စီးပွားရေးလုပ်ငန်းပုံစံနှင့် အကောင်းဆုံး အလေ့အကျင့်များကို အမြင်ချင်းဖလှယ် ဆွေးနွေးနိုင်ရန် ရည်ရွယ်၍ ကျင်းပခြင်း ဖြစ်ပါသည်။

ဖွင့်ပွဲအခမ်းအနားအပြီးတွင် ဆွေးနွေးပွဲကို ဆက်လက်ကျင်းပခဲ့ရာ နိုင်ငံတကာနှင့် ဒေသတွင်းမှ ကျွမ်းကျင်ပညာရှင်များ၊ မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံများက ကိုယ်စားလှယ် များ စုစုပေါင်း ၁၃ ဦးတို့က အွန်လိုင်းမှတစ်ဆင့် ဆွေးနွေးခဲ့ပါသည်။

ဆက်လက်၍ မဲခေါင် - လန်ချန်းအဖွဲ့ဝင်နိုင်ငံများရှိ ရင်းနှီးမြှုပ်နှံမှုမြှင့်တင်ရေးဌာနများမှ နိုင်ငံအလိုက် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ဆောင်ရွက်ချက်များကို လည်းကောင်း၊ ယင်းတို့ ကျင့်သုံးဆောင်ရွက်လျက်ရှိသည့် အများပါဝင်အကျိုးခံစားနိုင်သော စီးပွားရေးလုပ်ငန်းပုံစံများနှင့် လုပ်ကိုင်ဆောင်ရွက်နေသည့် အလေ့အကျင့်ကောင်းများ ကိုလည်းကောင်း အသီးသီး ရှင်းလင်းဆွေးနွေးခဲ့ကြပြီး အမြင်ချင်းဖလှယ်ဆွေးနွေး၍ အကြံပြုချက်များ ပံ့ပိုးပေးခဲ့ပါသည်။

ဆွေးနွေးပွဲဖွင့်ပွဲအခမ်းအနားသို့ ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဒေါက်တာဝါဝါမောင်၊ သက်ဆိုင်ရာဝန်ကြီးဌာနများမှ အမြဲတမ်း အတွင်းဝန်များ၊ ညွှန်ကြားရေးမှူးချုပ်များ၊ မြန်မာနိုင်ငံဆိုင်ရာထိုင်းနိုင်ငံသံရုံးမှ သံအမတ်ကြီး H.E. Mr. Mongkol Visitstump၊ အဆင့်မြင့်အရာရှိကြီးများနှင့် အရာထမ်းများ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်း ရှင်များ အသင်းချုပ်မှ ကိုယ်စားလှယ်များ၊ မြန်မာနိုင်ငံဆိုင်ရာ မဲခေါင် - လန်ချန်းအဖွဲ့ဝင် နိုင်ငံများ၏ သံရုံးများမှ ကိုယ်စားလှယ်များ၊ မဲခေါင်-လန်ချန်းအဖွဲ့ဝင်နိုင်ငံများရှိ ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးအေဂျင်စီများနှင့် သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များနှင့် ပုဂ္ဂလိက ကဏ္ဍမှ စီးပွားရေးလုပ်ငန်းရှင်များ စုစုပေါင်း ၁၃၅ ဦးခန့် တက်ရောက်ခဲ့ကြပြီး ဆွေးနွေးပွဲကို ၂၀၂၃ ခုနှစ်၊ မေလ ၂၅ ရက်နေ့အထိ ၂ ရက်တာ ကျင်းပသွားမည် ဖြစ်ပါသည်။