ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှုမှုကော်မတီက ကွင်းဆင်းစစ်ဆေးခြင်း

ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှုမှုကော်မတီက ကွင်းဆင်းစစ်ဆေးခြင်း

Posted on 19 May 2023

ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု နှင့် ကုမ္ပဏီများ ညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးသက်ပိုင် ဦးဆောင်သည့် ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ၂၀၂၃ ခုနှစ် မေ လ ၁၈ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့်  ဆောင်ရွက်လျက်ရှိသည့် မအူပင်မြို့နယ်ရှိ CMP စနစ်ဖြင့် အဝတ်အထည်နှင့် ခြေအိတ်အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်းသို့ သွားရောက်စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။