ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

Posted on 04 May 2023

          ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ကချင်ပြည်နယ်အစိုးရအဖွဲ့ဝန်ကြီးချုပ်၊ သီရိပျံချီ ဦးခက်ထိန်နန် ဦးဆောင်၍ ၂၀၂၃ ခုနှစ်၊ မေလ ၂ ရက်နေ့တွင် ကချင်ပြည်နယ် အစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့ပါသည်။ အဆိုပါအစည်းအဝေးသို့ ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင် များနှင့် သက်ဆိုင်ရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။

          အစည်းအဝေးတွင် ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီသည် စိုက်ပျိုးရေးကဏ္ဍတွင် အမေရိကန်ဒေါ်လာ  ၁ သန်း ရင်းနှီးမြှုပ်နှံမည့် ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၁) ခုကို အတည်ပြုပေးခဲ့ပါသည်။ အဆိုပါရင်းနှီးမြှုပ်နှံမှုလုပ်ငန်းမှ  ပြည်တွင်းအလုပ်အကိုင်အခွင့်အလမ်း ၁၁၇ ခု ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။