အခြေခံစာရင်းအင်းပြုစုရေး အထောက်အကူပြုသင်တန်း အမှတ်စဉ် (၁/၂၀၂၃) ဖွင့်လှစ်ပွဲ အခမ်းအနား ကျင်းပခြင်း

အခြေခံစာရင်းအင်းပြုစုရေး အထောက်အကူပြုသင်တန်း အမှတ်စဉ် (၁/၂၀၂၃) ဖွင့်လှစ်ပွဲ အခမ်းအနား ကျင်းပခြင်း

Posted on 24 April 2023

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနအနေဖြင့် ဦးစီးဌာနရှိ ဝန်ထမ်းများ စာရင်းအင်းအချက်အလက်များ ကောက်ယူမှု၊ သုံးသပ်မှုနှင့် အစီရင်ခံစာများ ရေးသားရာ၌ စာရင်းအင်းဆိုင်ရာ ခေတ်မီနည်းပညာများကို စနစ်တကျ အသုံးပြုနိုင်ရေးရည်ရွယ်၍ အခြေခံစာရင်းအင်းပြုစုရေး အထောက်အကူပြုသင်တန်း အမှတ်စဉ် (၁/၂၀၂၃) ကို ဦးစီးဌာန၊ စီမံကိန်းနှင့် စာရင်းအင်းဌာနခွဲမှ ဦးဆောင်ကာ ဗဟိုစာရင်းအင်းအဖွဲ့မှ နည်းပညာပံ့ပိုးပေးမှုအရ သင်တန်းဖွင့်လှစ် ပို့ချသွားမည်ဖြစ်ပြီး အဆိုပါ သင်တန်းဖွင့်လှစ်ပို့ချခြင်း ဖွင့်ပွဲအခမ်းအနားကို ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့ နံနက်ပိုင်းက ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန၌ Video Conferencing စနစ်ဖြင့် ကျင်းပခဲ့ပါသည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင်စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ ဗဟိုစာရင်းအင်းအဖွဲ့၊ ဒုတိယညွှန်ကြားရေးမှူးချုပ်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊  ဒုတိယ ညွှန်ကြားရေးမှူးချုပ်က သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်နှင့် ကျေးဇူးတင်စကားပြောကြားခဲ့ပါသည်။

အခြေခံစာရင်းအင်းပြုစုရေး အထောက်အကူပြုသင်တန်း အမှတ်စဉ် (၁/၂၀၂၃) ကို  ၂၀၂၃ ခုနှစ်၊ ဧပြီလ ၂၄ ရက်နေ့မှ မေလ ၃၀ ရက်နေ့အထိ ရုံးဖွင့်ရက်များတွင် နေ့စဉ် နံနက် ၀၉ : ၃၀ နာရီမှ နေ့လည် ၁၂ : ၃၀ နာရီထိ Video Conferencing စနစ်ဖြင့်  လုပ်ငန်းခွင်မပျက် သင်ကြား ပို့ချသွားမည် ဖြစ်ပြီး အဆိုပါသင်တန်းသို့ ဦးစီးဌာန(ရုံးချုပ်) နှင့် တိုင်းဒေသကြီး/ပြည်နယ် ဦးစီးမှူးရုံးများမှ သင်တန်းသား   ၄၄ ဦး၊ ပင်စင်ဦးစီးဌာနမှ သင်တန်းသား ၂ ဦး ၊ စုစုပေါင်း သင်တန်းသား ၄၆ ဦး တက်ရောက် သွားမည်ဖြစ်ကြောင်း သတင်းရရှိပါသည်။