နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၃)ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၃)ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

Posted on 16 March 2023

နေပြည်တော်ကောင်စီရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၃ ခုနှစ်၊ မတ်လ ၁၅ ရက်နေ့တွင် နေပြည်တော်ကောင်စီရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြု လုပ်ခဲ့ရာ အစည်းအဝေးသို့ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌ၊ နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှု ကော်မတီ ဥက္ကဋ္ဌ၊ ဦးတင်ဦးလွင်၊ ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များ၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ဝင်များ၊  အထူးဖိတ်ကြားထားသည့် နေပြည်တော်စည်ပင်သာယာရေးကော်မတီ၊ နေပြည်တော်စိုက်ပျိုးရေးဦးစီးဌာနနှင့် ဒက္ခိဏသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့တို့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ပါသည်။

အစည်းအဝေးတွင် ဖက်စပ်နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဖြင့် မျိုးစပါးစိုက်ပျိုး ထုတ်လုပ်ရောင်း ချခြင်းလုပ်ငန်းအား ပြည်ထောင်စုနယ်မြေ၊  နေပြည်တော်သို့ ပြောင်းရွှေ့ဆောင်ရွက်နိုင်ရန် တင်ပြ လာခြင်းနှင့်စပ်လျဉ်းသည့်ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြပါသည်။