မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်မှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးခြင်း

မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်မှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးခြင်း

Posted on 14 March 2023

မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများ ပါဝင်သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် မန္တလေးတိုင်းဒေသကြီးအတွင်း မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်း (၁) ခု နှင့် မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် ဆောင်ရွက်နေသည့် လုပ်ငန်း (၁) ခုတို့အား ၂၀၂၃ ခုနှစ်၊ မတ်လ ၉ ရက်နေ့တွင် သွားရောက် ကွင်းဆင်းစစ်ဆေးခဲ့ပြီး လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။