ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့၏ ကွင်းဆင်းစစ်ဆေးခြင်း

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့၏ ကွင်းဆင်းစစ်ဆေးခြင်း

Posted on 30 January 2023

ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့သည် လှိုင်သာယာ မြို့နယ်ရှိ စက္ကူပုံးများ ထုတ်လုပ်၍ ပြည်တွင်း၌ ရာနှုန်းပြည့် ဖြန့်ဖြူးရောင်းချခြင်းလုပ်ငန်းနှင့်   CMP စနစ်ဖြင့် အဝတ်အထည် အမျိုးမျိုး ချုပ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသော စက်ရုံများသို့ ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့တွင် သွားရောက်၍ စီးပွားဖြစ်စတင် လည်ပတ် ထုတ်လုပ်မည့် လုပ်ငန်း၏ လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ စီးပွားဖြစ် စတင် လည်ပတ်နိုင်ရန်အတွက် ပြည်တွင်းမှ စက်ပစ္စည်း ဝယ်ယူထားမှု အခြေအနေ၊ စက်စမ်းသပ် လည်ပတ်နိုင်ရန် စက်ပစ္စည်းများ တပ်ဆင်ထားမှု အခြေအနေ၊ ဝန်ထမ်း ခန့်အပ်ထားမှု အခြေအနေနှင့် မီးဘေးအန္တရာယ် ကာကွယ်ရေးနှင့် မီးအာမခံထားရှိမှု အခြေအနေများအား ကြည့်ရှုစစ်ဆေးပြီး တွေ့ကြုံရသည့် အခက်အခဲများနှင့် စပ်လျဉ်း၍ လိုအပ်သည်များကို ပေါင်းစပ် ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပါသည်။