ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ (၁/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးကျင်းပခြင်း

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ (၁/၂၀၂၃) ကြိမ်မြောက်အစည်းအဝေးကျင်းပခြင်း

Posted on 25 January 2023

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းတစ်ခု၏ တည်ဆောက်မှု/ ပြင်ဆင်မှု ကာလထပ်မံတိုးမြှင့်ခွင့်ပြုပါရန် တင်ပြလာခြင်းအပေါ် ဆွေးနွေးအတည်ပြုပေးခဲ့ပါသည်။