ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ (၁/၂၀၂၃) ကြိမ်မြောက် အစည်းအဝေး ကျင်းပခြင်း

Posted on 20 January 2023

ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ၁/၂၀၂၃ ကြိမ်မြောက် အစည်းအဝေး ကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ ၁၉ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့ရာ ကော်မတီ ဥက္ကဋ္ဌ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။  

          အဆိုပါအစည်းအဝေးတွင် ရာခိုင်နှုန်းပြည့် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် ဆန်၊ ပြောင်း ကြိတ်ခွဲထုတ်လုပ် တင်ပို့ရောင်းချခြင်း လုပ်ငန်း ၁ ခုကို အတည်ပြုပေးခဲ့ပါသည်။ အဆိုပါလုပ်ငန်း၏ ရင်းနှီးမြှုပ်နှံမှု ပမာဏမှာ ကျပ် ၁၇၈၅.၈၂၅ သန်းရှိပြီး အလုပ်အကိုင် အခွင့်အလမ်းပေါင်း ၇၉ ခု ဖန်တီးပေးနိုင်မည် ဖြစ်ပါသည်။ ထို့အပြင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်း တစ်ခု၏ တည်ဆောက်ရေးကာလ တိုးမြှင့်ရေးကိစ္စအပေါ် ဆွေးနွေး အတည်ပြုခဲ့ကြပါသည်။