“ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ကြည့်ရှုစစ်ဆေး”

“ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီးဦးစီးမှူးရုံးသို့ ကြည့်ရှုစစ်ဆေး”

Posted on 10 August 2022

ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည် မန္တလေးတိုင်းဒေသကြီး ၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီး ဦးစီးမှူးရုံးသို့  ၂၀၂၂ ခုနှစ် ၊ ဩဂုတ်လ ၆ ရက်နေ့တွင် သွားရောက် ကြည့်ရှု၍ ဝန်ထမ်းများနှင့် တွေ့ဆုံအားပေးခဲ့ပါသည်။

 ရှေးဦးစွာ မန္တလေးတိုင်းဒေသကြီး ၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦးက လုပ်ငန်းဆောင်ရွက်မှုနှင့်တိုးတက်မှု အခြေအနေများကို လည်းကောင်း၊ တွေ့ကြုံရသည့် အခက်အခဲများကို လည်းကောင်း ရှင်းလင်း တင်ပြခဲ့ပါသည်။ တင်ပြချက်များအပေါ် ပြည်ထောင်စုဝန်ကြီးက ရုံးလုပ်ငန်းများ စနစ်ကျမှု ရှိစေရန်၊ ဝန်ဆောင်မှုများ ပေးရာတွင် စေတနာထား၍ ကြိုးပမ်းဆောင်ရွက်ရန် အလေးထားမှာကြားပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စာရွက်စာတမ်းများ ထိန်းသိမ်းထားရှိမှု၊ ရုံးတွင်း/ ရုံးပြင် သန့်ရှင်းသပ်ရပ်မှုနှင့် စာကြည့်တိုက်တွင်စာအုပ်များ ထားရှိမှုအခြေအနေတို့အား လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့ပါသည်။