ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ၃/၂၀၂၂ ကြိမ်မြောက် အစည်းအဝေး ပြုလုပ်ခြင်း

ဧရာဝတီတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ၃/၂၀၂၂ ကြိမ်မြောက် အစည်းအဝေး ပြုလုပ်ခြင်း

Posted on 03 August 2022

ဧရာဝတီတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ ၃/၂၀၂၂ ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၂ ခုနှစ်၊ သြဂုတ် ၃ ရက်နေ့တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး၌ ကျင်းပခဲ့ရာ ကော်မတီ ဥက္ကဌ ဦးတင်မောင်ဝင်းနှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။

          အဆိုပါအစည်းအဝေးတွင် စီးပွားရေးလုပ်ငန်း ၂ ခုကို အတည်ပြုပေးခဲ့ပြီး CMP စနစ်ဖြင့် အထည်ချုပ်လုပ်ခြင်း လုပ်ငန်းအတွက် တည်ဆောက်ရေးကာလ တိုးမြှင့်ခြင်း ကို ခွင့်ပြုရန် ဆုံးဖြတ်ခဲ့ကြပါသည်။