ကော်ဖီစိုက်ပျိုး ထုတ်လုပ်ခြင်းလုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေးခြင်း

ကော်ဖီစိုက်ပျိုး ထုတ်လုပ်ခြင်းလုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေးခြင်း

Posted on 07 October 2021

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင်သော ကွင်းဆင်းစစ်ဆေး ရေးအဖွဲ့သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် ဆောင်ရွက်လျက်ရှိသော   ကော်ဖီစိုက်ပျိုး ထုတ်လုပ်ခြင်းလုပ်ငန်းကို ၂၀၂၁ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့တွင် သွားရောက်ကွင်းဆင်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။