ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ သတင်းထုတ်ပြန်ချက် ( ၂/ ၂၀၂၁)

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ သတင်းထုတ်ပြန်ချက် ( ၂/ ၂၀၂၁)

Posted on 11 September 2021

ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ

သတင်းထုတ်ပြန်ချက် ( ၂/ ၂၀၂၁) 

၂၀၂၁ ခုနှစ်၊ စက်တင်ဘာလ  ၁၁ ရက်

၁။           ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေးသက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီက ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထိခိုက်မှုရှိနေသော စီးပွားရေးလုပ်ငန်းများအား ချေးငွေသက်တမ်း တစ်နှစ် (အတိုးနှုန်း ၁ %) ဖြင့် ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေထုတ်ပေးခြင်းကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီလ ၉ ရက်နေ့မှ စတင်ထုတ်ပေးခဲ့ပြီး ၂၀၂၁ ခုနှစ်၊ မတ်လ ၁၇ ရက်နေ့တွင် ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေ ရယူထားသူများအနေဖြင့် ချေးငွေပြန်ဆပ်ရန်ကာလကို ချေးငွေကာလ သက်တမ်းတစ်နှစ်စေ့ရောက်သည့်နေ့မှစ၍  နောက်ထပ် (၆) လ သက်တမ်းတိုးမြှင့်ပေးပါကြောင်း သတင်းထုတ်ပြန်ကြေညာခဲ့ပြီးဖြစ်ပါသည်။

၂။            အဆိုပါကိုဗစ်-၁၉ ရန်ပုံငွေမှ ပထမအသုတ် ချေးငွေရရှိသူများသည် မူလချေးငွေသက်တမ်း တစ်နှစ်နှင့် ထပ်မံခွင့်ပြုထားသည့် (၆) လ ကာလမှာ အောက်တိုဘာလတွင် စတင်၍ ချေးငွေသက်တမ်းကာလ ထပ်မံပြည့်မြောက်တော့မည်ဖြစ်ပါသည်။ ယခုအခါ ကိုဗစ်-၁၉ တတိယလှိုင်း သက်ရောက်မှုကြောင့် စီးပွားရေးလုပ်ငန်းများအနေဖြင့် ပြန်လည်ပေးဆပ်ရန် အခက်အခဲများရှိနေသဖြင့် ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများ ငွေကြေးလည်ပတ်မှု အဆင်ပြေ ချောမွေ့စေရေးအတွက် ချေးငွေပြန်လည်ပေးဆပ်ရမည့် ကာလကို ချေးငွေပြန်လည်ပေးဆပ်ရန် ကာလစေ့ရောက်သည့် နေ့မှစ၍ နောက်ထပ် (၆) လ ထပ်မံ သက်တမ်းတိုးမြှင့်ပေးရန် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက လမ်းညွှန်ခဲ့ပါသည်။

၃။           သို့ပါ၍ ကိုဗစ်-၁၉ ရန်ပုံငွေမှ ချေးငွေရယူထားသူများအနေဖြင့် ချေးငွေပြန်ဆပ်ရန်ကာလကို ချေးငွေကာလ သက်တမ်း (၁) နှစ် (၆) လ စေ့ရောက်သည့်နေ့မှစ၍ ဒုတိယအကြိမ်အဖြစ် နောက်ထပ် (၆) လ ထပ်မံ သက်တမ်းတိုးမြှင့်ပေးပါကြောင်း အသိပေးကြေညာအပ်ပါသည်။

                             ကိုဗစ်-၁၉ ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ