ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၁) ကြိမ်မြောက်အစည်းအဝေးကျင်းပပြုလုပ်ခြင်း

ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၁) ကြိမ်မြောက်အစည်းအဝေးကျင်းပပြုလုပ်ခြင်း

Posted on 05 September 2021

ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၁) ကြိမ်မြောက်အစည်းအဝေးကို၂၀၂၁ ခုနှစ် စက်တင်ဘာလ ၃ ရက်နေ့တွင် ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ တော်ဝင်ဟံသာ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ရာ ပဲခူးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ကော်မတီဝင်များ တက်ရောက်ခဲ့ကြပါသည်။

အစည်းအဝေး၌ ပဲခူးတိုင်းဒေသကြီးအတွင်း လုပ်ငန်းဆောင်ရွက်နေဆဲ ကုမ္ပဏီတစ်ခုမှ ရင်းနှီးမြှုပ်နှံမှု ပမာဏနှင့် တည်ဆောက်ရေးကာလ တိုးမြှင့်ခွင့်ပြုရန်တင်ပြလာခြင်းနှင့် ကော်မတီဝင်ပြောင်းလဲခြင်းတို့ အပေါ်ဆွေးနွေးဆုံးဖြတ်ခဲ့ကြပါသည်။