ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၁) ကြိမ်မြောက်အစည်းအဝေးကျင်းပခြင်း

ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၁) ကြိမ်မြောက်အစည်းအဝေးကျင်းပခြင်း

Posted on 08 June 2021

ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၃/၂၀၂၁) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၁ ခုနှစ် ဇွန်လ ၈ ရက်နေ့တွင် ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

အစည်းအဝေးသို့ ကရင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ ကရင်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးစောမြင့်ဦး၊ ပြည်နယ်ဥပဒေချုပ် ဦးရဲလွင်၊ ကော်မတီအဖွဲ့ဝင်များနှင့် အထူးဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြပါသည်။

အဆိုပါအစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စရပ်များနှင့် စပ်လျဉ်း၍ ဆွေးနွေးဆောင်ရွက်ခဲ့ပါသည်။