တန်ဖိုးမြှင့် စိုက်ပျိုးရေးထုတ်ကုန်များ ပြည်ပသို့ ရာနှုန်းပြည့်တင်ပို့ခြင်း လုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေးခြင်း

တန်ဖိုးမြှင့် စိုက်ပျိုးရေးထုတ်ကုန်များ ပြည်ပသို့ ရာနှုန်းပြည့်တင်ပို့ခြင်း လုပ်ငန်းသို့ ကွင်းဆင်းစစ်ဆေးခြင်း

Posted on 02 June 2021

မကွေးတိုင်းဒေသကြီး၊ မကွေးမြို့နယ်တွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုမိန့်ဖြင့် တန်ဖိုးမြှင့် စိုက်ပျိုးရေးထုတ်ကုန်များ ထုတ်လုပ်၍ ပြည်ပသို့ ရာခိုင်နှုန်းပြည့် တင်ပို့ခြင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းသို့ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာန၊ မကွေးတိုင်းဒေသကြီးဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဒေါက်တာထိန်လင်းအေး ဦးဆောင်သည့် မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကြီးကြပ်ရေးအဖွဲ့သည် ၂၀၂၁ ခုနှစ်၊ ဇွန်လ ၂ ရက်နေ့တွင် သွားရောက်စစ်ဆေးပြီး လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။