ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၁) ကြိမ်မြောက် အစည်အဝေးကျင်းပခြင်း

ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၁) ကြိမ်မြောက် အစည်အဝေးကျင်းပခြင်း

Posted on 12 April 2021

ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၂/၂၀၂၁)ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၁ ခုနှစ် ဧပြီလ ၉ ရက်နေ့တွင် ကချင်ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီရုံး၊ အစည်းအဝေးခန်းမ (၁) ၌ ကျင်းပပြုလုပ်ခဲ့ ပါသည်။ အဆိုပါအစည်းအဝေးသို့ ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီဉက္ကဋ္ဌ ဦးခက်ထိန်နန်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ပါသည်။

          အဆိုပါအစည်းအဝေးတွင် တက်ရောက်လာသူများသည် ကချင်ပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အခန်းကဏ္ဍ၊ ကော်မတီ၏ လုပ်ငန်းဆောင်ရွက်ခဲ့မှု အခြေအနေများ၊ ဆက်လက်လုပ်ဆောင်ရမည့် အစီအစဉ်များ၊ ကချင်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့ ဖွဲ့စည်းခြင်းတို့နှင့်စပ်လျဉ်း၍ ဆွေးနွေးခဲ့ကြပါသည်။