ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များအားတွေ့ဆုံ

ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ နှင့် အဖွဲ့ဝင်များအားတွေ့ဆုံ

Posted on 09 April 2021

မန္တလေး၊ ဧပြီ ၉

      ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဒုတိယဥက္ကဋ္ဌ ဦးအောင်နိုင်ဦးသည် မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များကို ယနေ့ နေ့လယ်ပိုင်းမန္တလေးတိုင်းဒေသကြီး ၊ ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ တွေ့ဆုံခဲ့ပါသည်။

           ထိုသို့တွေ့ဆုံရာ၌ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်- MIC အနေဖြင့် တိုင်းဒေသကြီးနှင့်ပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီများကို ဖွဲ့စည်းထားပြီးဖြစ် ကြောင်း၊ ဖွဲ့စည်းထားပြီးဖြစ်သည့် ကော်မတီများအနေဖြင့် မိမိတို့၏ သက်ဆိုင်ရာ တိုင်းဒေသ ကြီး/ ပြည်နယ်များအတွင်း ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ လုပ်ဆောင်သည့်အခါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ပိုမိုမြန်ဆန်သွက်လက်စွာ ဆောင်ရွက်နိုင်ရေး ဦးစားပေးဆောင်ရွက်ရမှာဖြစ်ပါ ကြောင်း၊ ဆက်လက်၍ တိုင်းဒေသကြီးအတွင်း ရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရေး အတွက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ မြှင့်တင်နိုင်ရေးအတွက်လည်း ကြိုးပမ်းဆောင်ရွက်သွား ကြရမှာဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့်ပတ်သက်၍ တိုင်းဒေသကြီးအတွင်း မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ ခွင့်ပြုပေးထား‌သော ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် တိုင်းဒေသ ကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီမှ ခွင့်ပြုပေးထားသောလုပ်ငန်းများရှိရာယင်း လုပ်ငန်း(၂)မျိုးကို ဆောင်ရွက်ရာတွင် ဉပဒေနှင့်အညီဆောင်ရွက်နိုင်ရေးနှင့် ရင်းနှီးမြှုပ်နှံသူများ ရသင့်ရထိုက် သော အခွင့်အရေးများ မဆုံးရှုံးစေရေးအတွက် လိုအပ်သလိုကြီးကြပ်ဆောင်ရွက်သွားရမှာဖြစ် ကြောင်းဆွေးနွေးခဲ့သည်။

          ထို့နောက် ပြည်ထောင်စုဝန်ကြီးက လက်တလောအခြေအနေ အရ ၂၀၂၀ ပြည့်နှစ်တွင် တစ်ကမ္ဘာ လုံး၌ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ၄၂ ရာခိုင်နှုန်း အထိ ကျဆင်းခဲ့ပြီး ၂၀၂၁ ခုနှစ်တွင် တစ်ကမ္ဘာ လုံးအနေဖြင့် ၅ ရာခိုင်နှုန်း မှ ၁၀ ရာခိုင်နှုန်း အထိ ထပ်မံကျဆင်းမည်ဟု နိုင်ငံတကာ ပညာရှင်များ၏ တွက်ချက်ခန့်မှန်းချက်များရှိကြောင်း၊ ထို့ကြောင့် ၂၀၂၁ - ၂၀၂၂ ခုနှစ်တွင် မြန်မာနိုင်ငံအတွင်းသို့ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပုံမှန် ဆက်လက်ဝင်ရောက်လာ ရေးအတွက် စိန်ခေါ်မှုများရှိသော်လည်း ရင်းနှီးမြှုပ်နှံမှုများ ဆက်လက်ဝင်ရောက်ရေး ကြိုးပမ်းဆောင်ရွက် သွားကြရန်လိုအပ်ကြောင်း၊ အချို့နိုင်ငံများတွင် အကြောင်းအမျိုးမျိုးကြောင့် ရင်းနှီးမြှုပ်နှံသူများ မှ ၎င်းတို့၏ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကိုပြန်လည် ရုပ်သိမ်းထွက်ခွာသွားမှုများ ရှိကြောင်း၊ အဆိုပါကိစ္စသည် တစ်ကမ္ဘာ လုံး၌ဖြစ်ပေါ်လျက်ရှိရာ နိုင်ငံအသီးသီးအနေဖြင့် မိမိတို့ နိုင်ငံရှိ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ပြန်လည်ထွက်ခွာမှု မရှိစေရေး နည်းလမ်းမျိုးစုံဖြင့် ကြိုးပမ်း ဆောင်ရွက်‌လျက်ရှိကြောင်း၊ ထို့ကြောင့် မိမိတို့နိုင်ငံ၌လည်းဆောင်ရွက်ပြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ပိုမိုအဆင်ပြေ ချောမွေ့စွာ ဆောင်ရွက်နိုင်ရေးအတွက် အားလုံးဝိုင်းဝန်း ကြိုးပမ်း ဆောင်ရွက်ပေးကြရန်လိုကြောင်းပြောကြားခဲ့ပါသည်။

          ပြည်ထောင်စုဝန်ကြီးက ဆက်လက်ပြောကြားရာတွင် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက်၍ တိုင်းဒေသကြီး/ ပြည်နယ်များ လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို MIC က စံပြုလုပ်ထုံးလုပ်နည်းများ ( Standard Operation Procedure- SOP)  ထုတ်ပြန်၍ ပြုစု ပေးပို့ထားကြောင်း၊ ယင်း SOP ကို လက်တွေ့နှင့် ပိုမို ကိုက်ညီမှုရှိစေရန် ပြန်လည်ပြင်ဆင်၍ ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီများမှ ယင်း SOP အတိုင်း လိုက်နာ‌ဆောင်ရွက်၍ လုပ်ငန်းများကို အကောင်အထည် ဖော်ပေးကြရန်ဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများနှင့် ပတ်သက်၍ တိုင်းဒေသကြီး/ ပြည်နယ်များရှိ ဌာနများ ၊ ပုဂ္ဂလိက အသင်းအဖွဲ့များနှင့်လည်း နီးကပ်စွာ ပူးပေါင်းဆောင်ရွက် သွားကြရန် လိုကြောင်း၊ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် အတွင်းရှိတည်ရှိပြီး စက်မှုဇုန် များ ပိုမိုဖွံ့ဖြိုးတိုးတက်စေရေးနှင့် နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ  လိုအပ်ပါက စက်မှုဇုန်အသစ်များ ထပ်မံတည်ထောင်သွားနိုင်ရေး စဉ်းစားဆောင်ရွက်သွားရန် လိုအပ်ကြောင်း၊ စက်မှုဇုန်အသစ်များ တည်ထောင်နိုင်ရေးအတွက် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်အနေဖြင့် လိုအပ်သည်များကို ကူညီဆောင်ရွက် ပေးသွားမှာဖြစ်ကြောင်း၊ ရင်းနှီးမြှုပ်နှံ မှုများကို ခွင့်ပြုမိန့်၊ အတည်ပြုမိန့် ထုတ်ပေးသည့် အပိုင်းတွင် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ဉပဒေပါ ပြဋ္ဌာန်းချက် နှင့်အညီ သတ်မှတ်ရက်အတွင်း ပြီးမြောက်အောင်ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း၊ ရင်းနှီးမြှုပ်နှံမှု ခွင့်ပြုမိန့် ရရှိပြီးနောက်ပိုင်းတွင်လည်း သက်ဆိုင်ရာဝန်ကြီး ဌာနအသီးသီး၏ လိုင်စင်များ၊ ပါမစ်များ၊ ခွင့်ပြုမိန့်များရယူရာတွင် ဌာနအသီးသီးမှ မြန်ဆန် သွက်လက်စွာထုတ်ပေးနိုင်ရေးအတွက် တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီများမှ ကြပ်မတ် ဆောင်ရွက်ပေးကြရမှာဖြစ်ကြောင်း၊ MIC နှင့် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေး ဝန်ကြီးဌာန (MIFER) မှလည်း သက်ဆိုင်ရာဝန်ကြီးဌာနများနှင့် ပေါင်းစပ်၍     ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများတွင် လုပ်ငန်းအဆင့် လျော့ချရန်နှင့် ပိုမိုလွယ်ကူ ချောမွေ့စွာ‌ ဆောင်ရွက်နိုင်ရန်အတွက် လုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်ပြီး ပြင်ဆင်ဆောင်ရွက်လျက်ရှိကြောင်း၊ ထို့ကြောင့် တိုင်းဒေသကြီးအတွင်း ကျင့်သုံးဆောင်ရွက်နေသော လုပ်ငန်းစဉ်များကိုလည်း ပြန်လည်သုံးသပ်၍ ယခုထက် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ပေးနိုင်ရန် လိုအပ်ကြောင်းဖြင့် အမှာစကားပြောကြားပါသည်။ 

         ထို့နောက် မန္တလေးတိုင်း ဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ ဉက္ကဋ္ဌ၊ မန္တလေးတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဌ ဦးမောင်ကို က ရင်းနှီးမြှုပ်နှံမှုဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့ပါသည်။ ဆက်လက်၍ မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအတွင်းရေးမှူး၊ ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၊ မန္တလေးတိုင်းဒေသကြီးဦးစီးမှူး၊ ညွှန်ကြားရေးမှူး ဒေါက်တာမင်းဇော်ဦး က လုပ်ငန်းဆောင်ရွက်မှုအခြေ အနေများကို ရှင်းလင်းကာ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဝင်များကလည်း လိုအပ်သည်များဆွေးနွေးခဲ့ကြပါသည်။  

              အစည်းအဝေးသို့ မန္တလေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အဖွဲ့ဝင်များ၊ ရင်းနှီး မြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြပါသည်။