မြို့သာစက်မှုဇုန်အတွင်းရှိ စက်ရုံများ လုပ်ငန်းဆောင်ရွက်နေမှုများအား ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ကြည့်ရှု့အားပေး

မြို့သာစက်မှုဇုန်အတွင်းရှိ စက်ရုံများ လုပ်ငန်းဆောင်ရွက်နေမှုများအား ပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦး ကြည့်ရှု့အားပေး

Posted on 01 April 2021

(မန္တလေး၊ ဧပြီ ၁)

ရင်းနှီးမြှုပ်နှံမှုနှင့်နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာနပြည်ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးသည်မြို့သာစက်မှုဇုန်တည်ဆောက်ရေးလုပ်ငန်းများနှင့် စက်မှုဇုန်အတွင်းရှိ စက်ရုံများ လုပ်ငန်းလည်ပတ်ဆောင်ရွက်နေမှုများကို ကြည့်ရှု့အားပေးရန်အတွက်ဧပြီလ၁ရက်နေ့ နံနက်ပိုင်း တွင် မန္တလေးတိုင်းဒေသကြီး၊ ငါန်းဇွန်မြို့နယ်အတွင်းရှိ မြို့သာစက်မှုဇုန် သို့ သွားရောက်ခဲ့ပါသည်။

မြို့သာစက်မှုဇုန်သို့ရောက်ရှိစဉ်မန္တလေးမြို့သာ စက်မှုဖွံ့ဖြိုးတိုးတက်ရေးအများပိုင်ကုမ္ပဏီလိမိတက် ဉက္ကဋ္ဌ၊ ဦးအောင်ဝင်းခိုင်နှင့် မန်နေးဂျင်းဒါရိုက်တာ‌ ဒေါက်တာထွန်းထွန်းအောင် တို့က စက်မှုဇုန်စတင် တည်ထောင်ခဲ့သည့်အချိန်မှစ၍ လက်ရှိအချိန်အထိ လုပ်ငန်းဆောင်ရွက်မှု အခြေအနေများကို  ပြည်ထောင်စုဝန်ကြီးအား ရှင်းလင်းတင်ပြခဲ့ပါသည်။ အဆိုပါရှင်းလင်းတင်ပြမှုများအပေါ် ပြည်ထောင်စုဝန်ကြီးက မြို့သာစက်မှုဇုန်သည် ကုန်းလမ်း ၊ ​​ရေလမ်း ၊ ​လေ​ကြောင်းလမ်းဆုံရာတွင်တည်ရှိခြင်း၊ မြန်မာနိုင်ငံ၏ အနာဂတ်ဖွံ့ဖြိုးမှုဝင်ရိုး (Growth Pole )တစ်ခုဖြစ်သည့် မန္တ​လေးတိုင်း​ဒေသကြီးအတွင်းတည်ရှိ​နေခြင်း စသည့်အားသာချက်များရှိပါ​ကြောင်း၊ ဤစက်မှုဇုန်သည် မြန်မာပြည်အထက်ပိုင်းတွင် ရင်းနှီးတည်ဆောက်သူ(Developer)၏ ရင်းနှီးမြှုပ်နှံမှုဖြင့် စက်မှုဇုန်တစ်ခုတွင်ပါရှိရမည့်အ​ခြေခံအ​ဆောက်အအုံများ ပြည့်စုံ​အောင် တည်​ဆောက်ထားသည့် စက်မှုဇုန်ဖြစ်ကာမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု​ကော်မရှင်က ၂၀၁၂ခုနှစ်ကတည်းက ခွင့်ပြုမိန့်ထုတ်​ပေးထားသည့် စက်မှုဇုန်ဖြစ်၍ ဤဇုံအတွင်းတွင်ရင်းနှီးမြှုပ်နှံမှုများကို ယုံကြည်စိတ်ချစွာ​ဆောင်ရွက်နိုင်ပါ​ကြောင်း ၊ လက်ရှိရင်းနှီးမြှုပ်နှံ​နေသူများလည်း အဆင်​ပြေစွာရင်းနှီးမြှုပ်နှံနိုင်​ကြောင်း သိရသဖြင့် လုပ်ငန်းများတိုးချဲ့​ဆောင်ရွက်ရန် အား​ပေးလို​ကြောင်း ၊ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု​ကော်မရှင်နှင့် မိမိတို့၏ဝန်ကြီးဌာနက လိုအပ်သည်များကူညီ​ဆောင်ရွက်​ပေးမည်ဖြစ်ပါ​ကြောင်း၊ စီးပွား​ရေးလုပ်ငန်းများ လုပ်ကိုင်​ဆောင်ရွက်မှုကို ​ချော​မွေ့သွက်လက်စွာ​ဆောင်ရွက်နိုင်​ရေးအတွက်နိုင်ငံ​တော်စီမံအုပ်ချုပ်​ရေး​ကောင်စီ၏လမ်းညွှန်ချက်နှင့်အညီ လုပ်ထုံးလုပ်နည်းဆိုင်ရာ လိုအပ်သည့်ပြုပြင်​ပြောင်းလဲမှုများ​ဆောင်ရွက်​နေပါ​ကြောင်း၊ အထူးသဖြင့် လုပ်ငန်းများလည်ပတ်​ဆောင်ရွက်​နေကြသူများအ​နေဖြင့် အစိုးရဌာန/အဖွဲ့အစည်းများနှင့်ဆက်သွယ်​ဆောင်ရွက်ရသည့်ကိစ္စများပိုမို​ချော​မွေ့​စေ​အောင် ဆောင်ရွက်​ပေးမည်ဖြစ်ပါ​ကြောင်း ၊ ထိုနည်းတူ လုပ်ငန်းတိုးချဲ့ခြင်း ၊ လုပ်ငန်းသစ်ထူ​ထောင်ခြင်းတို့နှင့်ပတ်သက်၍လည်း အဆင်​ပြေ​ချော​မွေ့​အောင်၊ မြန်ဆန်သွက်လက်စွာ ခွင့်ပြု​ပေးနိုင်​အောင် မလိုအပ်သည့်လုပ်ငန်းအဆင့်များကို​လျှော့ချထားပြီးဖြစ်ပါ​ကြောင်း၊ ၂၀၂၀ ပြည့်နှစ်တွင် COVID 19 ​ကြောင့်တစ်ကမ္ဘာလုံး ရင်းနှီးမြှုပ်နှံမှု ၄၂%ကျဆင်းခဲ့ပြီး ယခုနှစ်တွင်လည်း ထပ်မံ၍ ၅% မှ ၁၀ %အထိကျဆင်းနိုင်သည်ဟုခန့်မှန်းချက်များရှိပါ​ကြောင်း၊စိန်​ခေါ်မှုများရှိ​နေ​သော်လည်းမိမိတို့အ​နေဖြင့် ရင်းနှီးမြှုပ်နှံမှုဝန်းကျင်​ကောင်းတစ်ခုဖြစ်​စေရန်ကြိုးပမ်း​ဆောင်ရွက်လျှက်ရှိပါ​ကြောင်း၊မြို့သာစက်မှုဇုန် အုပ်ချုပ်မှုအဖွဲ့အနေဖြင့် နိုင်ငံတွင်းနှင့် ပြည်ပတွင်ကျင်းပသည့် ရင်းနှီးမြှုပ်နှံမှုမြှင့်တင်​ရေး အစီအစဉ်များတွင်အစိုးရနှင့်ပူး​ပေါင်း​ဆောင်ရွက်ခဲ့သည့်အ​တွေ့အကြုံများရှိပြီးဖြစ်ခြင်း​ကြောင့်ဇုန်အတွင်းရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာ​စေ​ရေးအတွက် ဆက်လက်ကြိုးပမ်း​ဆောင်ရွက်သွား​စေလိုပါ​ကြောင်း၊ မိမိတို့ဝန်ကြီးဌာနကလိုအပ်သည်များ ပံ့ပိုးကူညီ​ပေးမည်ဖြစ်ပါ​ကြောင်း မှာကြားပါသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် စက်မှုဇုန်အတွင်းရှိ Gold AYA Motors International Group Co., Ltd ၏ မော်တော်ယာဉ် တပ်ဆင်ထုတ်လုပ်ခြင်းလုပ်ငန်း၊JapfaComfeed Myanmar Pte., Ltd ၏ မျိုးခြံနှင့် သားပေါက် ထုတ်လုပ်ရောင်းချြခင်းလုပ်ငန်း၊ Mandalay BaoshanMyotha Industrial Development Co., Ltd ၏ Construction and Leasing warehouse and standard factory လုပ်ငန်းများ၏ လုပ်ငန်းလည်ပတ်ဆောင်ရွက်မှု အခြေအနေများကို ကြည့်ရှု့အားပေးခဲ့ပါသည်။

အဆိုပါခရီးစဉ်အတွင်း ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန နှင့် မန္တလေးတိုင်းဒေသကြီး၊ ရင်းနှီးမြှုပ်နှံမှုကော်မတီမှတာဝန်ရှိပုဂ္ဂိုလ်များပါဝင်တက်ရောက် ကြပါသည်။