စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုစကားဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်ပါရန် ဖိတ်ကြားခြင်း

စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုစကားဝိုင်း ဆွေးနွေးပွဲသို့ တက်ရောက်ပါရန် ဖိတ်ကြားခြင်း

Posted on 19 January 2021

မြန်မာနိုင်ငံ၏ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍရှိ ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများကို သိရှိနိုင်ရန်အတွက် အခွင့်အရေး တစ်ရပ်ဖြစ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေး ကဏ္ဍဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုစကားဝိုင်း ဆွေးနွေးပွဲကို ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနက ဦးဆောင်၍ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၈ ရက်နေ့ နံနက် ၁၀ ၀၀ နာရီတွင် Virtual စနစ်ဖြင့် ကျင်းပပြုလုပ်သွားမည်ဖြစ်ပါသည်။

ဆွေးနွေးပွဲတွင် စိုက်ပျိုးရေး၊ မွေးမြူရေးကဏ္ဍနှင့် စပ်လျဉ်းသည့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ မူဝါဒများ၊ အခွင့်အလမ်းများကို သက်ဆိုင်ရာဌာနများနှင့် ပုဂ္ဂလိကကဏ္ဍများမှ တာဝန်ရှိသူ များမှ ရှင်းလင်းဆွေးနွေးမည်ဖြစ်ပြီး သိရှိလိုသည်များကို မေးမြန်းနိုင်မည့် အခွင့်အလမ်းများကို ရရှိနိုင်မည်ဖြစ်ပါသည်။

အဆိုပါ ဆွေးနွေးပွဲသို့ တက်ရောက်လိုပါက http://bit.ly/3nREX1p တွင် ဝင်ရောက်၍ စာရင်းပေးသွင်း၍ တက်ရောက်နိုင်ပါကြောင်းနှင့် အသေးစိတ် သိရှိလိုပါက ဖုန်း ၀၁- ၆၅၈၁၃၂ နှင့်  အီးမေးလ် dica.ip.mm@gmail.com သို့ ဆက်သွယ် မေးမြန်းနိုင်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်။