လှိုင်ထိန်လင်းအောင်မိသားစုကုမ္ပဏီလီမိတက်သို့ ကွင်းဆင်းဝန်ဆောင်မှုပေးခြင်း

လှိုင်ထိန်လင်းအောင်မိသားစုကုမ္ပဏီလီမိတက်သို့ ကွင်းဆင်းဝန်ဆောင်မှုပေးခြင်း

Posted on 14 May 2020

နေပြည်တော် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့သည် နေပြည်တော်ကောင်စီ ရင်းနှီးမြှုပ်နှံမှုကော်မတီ၏ အတည်ပြုမိန့်ဖြင့် နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်၊ ဒက္ခိဏသီရိအသေးစားနှင့် အလတ်စားစက်မှုဇုန်ရှိ အသားခြောက်ထုတ်လုပ်ခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် လှိုင်ထိန်လင်းအောင် မိသားစု ကုမ္ပဏီလီမိတက်သို့ ၂၀၂၀ ပြည့်နှစ် မေလ ၁၂ ရက်နေ့တွင် သွားရောက်၍ စီးပွားဖြစ်စတင်ရန် ဆောင်ရွက်ထားမှုအခြေအနေများအား သွားရောက်စစ်ဆေးပြီး  လိုအပ်သည်ကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ခဲ့ပါသည်။