MIC ခွင့်ပြုမိန့်ရရှိခဲ့ပြီးနောက်ဆောင်ရွက်ရန်ကိစ္စများ

MIC ခွင့်ပြုမိန့်ရရှိခဲ့ပြီးနောက်ဆောင်ရွက်ရန်ကိစ္စများ

အောက်တွင်ဖော်ပြထားသည့် ဆောင်ရွက်ရန်ကိစ္စများသည် MIC ခွင့်ပြုမိန့်နှင့် အတည်ပြုမိန့် ရရှိထားသည့် လုပ်ငန်း/ ကုမ္ပဏီများနှင့်သာ သက်ဆိုင်ပါသည်။ ခွင့်ပြုမိန့်ရရှိပြီး ဆောင်ရွက်ရမည့် လုပ်ငန်းများအတွက် အသေးစိတ်အချက်အလက်များကို ခေါင်းစဉ်ငယ်များအလိုက် အောက်တွင် ဖော်ပြထားပါသည်။

Show Sidebar Menu: 

0
ရင်းနှီးမြှုပ်နှံမှု/မတည်ရင်းနှီးငွေ
စီးပွားရေးလုပ်ငန်းများ ဆောင်ရွက်ခြင်း
ကနဦးကုန်ကြမ်းပစ္စည်းများ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းခွင့် လျှောက်ထားခြင်း ဥပဒေပုဒ်မ ၇၄၊ ၇၇(ခ)

ကနဦးကုန်ကြမ်းပစ္စည်းများ အခွန်ကင်းလွတ်ခွင့်ဖြင့် တင်သွင်းလိုပါက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌထံ လိပ်မှု၍ အောက်ပါအချက် အလက်များဖြင့် တင်ပြ လျှောက်ထားရမည်ဖြစ်ပါသည်-

  • တင်ပြစာ
  • ပုံစံ (၆) (မတည်ငွေရင်းအလိုက် ဝန်ဆောင်ခပေးသွင်းရန်)
  • Proforma Invoice
  • မူလအဆိုပြုချက်ပါ ကုန်ကြမ်းစာရင်း
  • ကိုယ်စားလှယ်လွဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင်မလာရောက်နိုင်ပါက)
  • နောက်ဆုံး ၃ လပတ်အစီရင်ခံစာ
  •  
မတည်ငွေရင်း တိုးမြှင့်ခွင့်ပြုချက်ပါ စက်ပစ္စည်း/ စက်ကိရိယာ အစိတ်အပိုင်းများ/ လုပ်ငန်းသုံး ပစ္စည်းများအား တင်သွင်းခွင့် လျှောက်ထားခြင်း ဥပဒေပုဒ်မ ၇၄၊ ၇၇(ဃ)

မတည်ငွေရင်း တိုးမြှင့်ခွင့်ပြုချက်ပါ စက်ပစ္စည်း/စက်ကိရိယာအစိတ်အပိုင်းများ/ လုပ်ငန်းသုံး ပစ္စည်းများအား တင်သွင်းလိုပါက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌထံလိပ်မှု၍ အောက်ပါအချက် အလက်များဖြင့် တင်ပြလျှောက်ထားရမည် ဖြစ်ပါသည်-

  • တင်ပြစာ
  • Proforma Invoice
  • ကော်မရှင်ခွင့်ပြုစာ
  • သက်ဆိုင်ရာဝန်ကြီးဌာန ထောက်ခံချက် (လိုအပ်ပါက)
  • တင်သွင်း/လက်ကျန်စာရင်း
  • ကိုယ်စားလှယ်လွဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် မလာရောက်နိုင်ပါက)
  • နောက်ဆုံး ၃ လပတ်အစီရင်ခံစာ(မတင်ပြရသေးပါက)
နှစ်အလိုက်တင်သွင်းမည့်ကုန်ကြမ်းပစ္စည်းများအား အခွန်အကောက် ကင်းလွတ်ခွင့် ဖြင့်တင်သွင်းခွင့်လျှောက်ထားခြင်း ဥပဒေပုဒ်မ ၇၄၊ ၇၇(ခ)

နှစ်အလိုက်တင်သွင်းမည့်ကုန်ကြမ်းပစ္စည်းများအား အခွန်အကောက် ကင်းလွတ်ခွင့် ဖြင့်တင်သွင်းလိုပါက မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်ဥက္ကဋ္ဌထံ လိပ်မှု၍ အောက်ပါအချက် အလက်များဖြင့် တင်ပြ လျှောက်ထားရမည်ဖြစ်ပါသည်-

  • တင်ပြစာ
  • ပုံစံ (၆) (မတည်ငွေရင်းအလိုက် ဝန်ဆောင်ခပေးသွင်းရန်) * (မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေပုဒ်မ ၇၇(ခ) အရ အခွန်အကောက် ကင်းလွတ်ခွင့်ရရှိသည့်လုပ်ငန်း အမျိုးအစားဖြစ်ပါက)
  • ပြည်ပမှ တင်သွင်းမည့်ကုန်ကြမ်းစာရင်း
  • ထွက်ရှိမည့်ကုန်ချောစာရင်း(Norm)
  • ကိုယ်စားလှယ်လွဲစာ (ရင်းနှီးမြှုပ်နှံသူကိုယ်တိုင် မလာရောက်နိုင်ပါက)
  • ၃ လပတ်အစီရင်ခံစာ(မတင်ပြရသေးပါက)
တည်ဆောက်ရေးကာလ စတင်သည့်နေ့ပြန်လည်သတ်မှတ်ခြင်း

ရင်းနှီးမြှုပ်နှံသူများက တည်ဆောက်မှုကာလကို စတင်သည့်နေ့ ပြန်လည်သတ်မှတ်ခြင်း လျှောက်ထားလိုလျှင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင် ဥက္ကဋ္ဌထံလိပ်မူ လျှောက်ထားပြီး အောက်ပါတို့ကို ပူးတွဲတင်ပြရမည်-

  • ကုမ္ပဏီ၏တင်ပြစာ
  • သက်ဆိုင်ရာ အစိုးရဌာန သို့မဟုတ်  အစိုးရအဖွဲ့အစည်းထံမှ တည်ဆောက်ခွင့်ပြုချက်  ရရှိသည့် အထောက်အထား စာရွက်စာတမ်းများ
  • ကိုယ်စားလှယ်လွှဲစာ(အမည်၊ မှတ်ပုံတင်နံပါတ်၊လက်မှတ် ၊ ဆက်သွယ်ရမည့်ဖုန်းနံပါတ် ) ( Investor ကိုယ်တိုင် မလာရောက်နိုင်ပါက)

Pages

ခွင့်ပြုမိန့် ပြင်ဆင်ချက်
အစီရင်ခံခြင်း