MYCO SYSTEM သို့ နှစ်စဉ်အစီရင်ခံစာ (ANNUAL RETURN- AR) နှင့် အခြားပုံစံများတင်ပြခြင်း

အောက်ပါနည်းလမ်း (၃) မျိုးထဲမှ မိမိနှင့် သင့်လျော်သောနည်းလမ်းဖြင့် နှစ်စဉ်အစီရင်ခံစာ (Annual Return- AR) နှင့် အခြားပုံစံများတင်ပြနိုင်ပါသည်-

(၁)     www.myco.dica.gov.mmမှာ Log In ဝင်၍ Home =>LODGE OTHER FILINGS =>Registration Number ရိုက်၍ Form Category & Forms Available to File (AR &အခြားဖောင်များ)မှာမိမိတင်လိုတဲ့ form ကိုရွေးပြီး SUBMIT ကိုနှိပ်ပါ.

(၂)     COMPANY SEARCH မိမိရဲ့ Company အမည်ကိုရိုက်ရှာပြီး Registration No ကိုနှိပ်ပါ =>COMPANY PROFILE ကနေ New Filling ကိုနှိပ် =>Form Category & Forms Available to File (AR &အခြားဖောင်များ)မှာမိမိတင်လိုတဲ့ form ကိုရွေးပြီး SUBMIT ကိုနှိပ်ပါ.

(၃)     Home => COMPANIES I MANAGE => Registration No ကိုနှိပ်ပါ =>COMPANY PROFILE ကနေ New Filling ကိုနှိပ် =>Form Category & Forms Available to File (AR & အခြားဖောင်များ) မှာမိမိတင်လိုတဲ့ form ကိုရွေးပြီး SUBMIT ကိုနှိပ်ပါ။

MyCO System တွင် AR တင်ပြပုံ အဆင့်ဆင့်အား ပူးတွဲဖော်ပြပါ Link များတွင် လေ့လာကြည့်ရှုနိုင်ပါတယ်……

https://www.facebook.com/groups/900917470014711/permalink/2141350479304731/

https://www.facebook.com/groups/900917470014711/permalink/2201471293292649/

https://m.facebook.com/groups/900917470014711?view=permalink&id=23349999…

https://m.facebook.com/groups/900917470014711?view=permalink&id=24036445…

https://www.facebook.com/groups/900917470014711/permalink/2678212625618511/

https://m.facebook.com/groups/900917470014711?view=permalink&id=26988631…

ANNUAL RETURN

နှစ်စဉ်အစီရင်ခံစာ (Annual Return-AR) အားတင်ပြပေးနိုင်ပါရန် ထပ်မံအသိပေးကြေညာခြင်း

MyCOတွင် မှတ်ပုံတင်ခဲ့သည့် ကုမ္ပဏီများအနေဖြင့် AR တင်ပြခြင်းကို အောက်ပါအတိုင်း ဆောင်ရွက်ရမည်ဖြစ်ပါကြောင်း အသိပေးအပ်ပါသည်-

၁။      Annual Return နောက်ဆုံးတင်ပြရမည့်ရက်ကိုကုမ္ပဏီ Profile တွင် ဖော်ပြထားပါသဖြင့် အဆိုပါရက်မတိုင်ခင်မှတ်ပုံတင်ကြေး ၅၀,၀၀၀ ကျပ် ပေးသွင်းတင်ပြရန်ဖြစ်ပါသည်။

၂။       Annual Return တင်ပြရမည့်ရက်ကျော်လွန်ပြီး ၂၈ ရက်အတွင်းဖြစ်လျှင်နောက်ကျကြေး (late Fee) ၁၀၀,၀၀၀ ကျပ်ပေးသွင်းရမည်ဖြစ်ပါသည်။

၃။      AR တင်ပြရမည့်ရက်ထက် ၂၈ ရက် ကျော်လွန်ပြီးပါကဆိုင်းငံ့ (Suspended)ဖြစ်သွားသဖြင့် ဆိုင်းငံ့စာရင်းမှပယ်ဖျက်ပေးရန် ပုံစံ I-9D ဖြင့် တင်ပြရသည့်အတွက် မှတ်ပုံတင်ကြေး ၁၀၀,၀၀၀ ကျပ် ထပ်မံပေးသွင်းရမည် ဖြစ်ပါသည်။

၄။      Suspended ဖြစ်ပြီး ၆ လအထိ AR တင်ပြခြင်းမရှိပါက ကုမ္ပဏီအား မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်(Struck Off)သွားမည်ဖြစ်ပါသည်။

၅။      Struck Off ဖြစ်ပြီးကုမ္ပဏီအမည်အား ပြန်လည် အသက်သွင်းလိုပါကကုမ္ပဏီမှ တရားရုံး ကင်းလွတ်ခွင့် အမိန့်ဖြင့်MyCOမှာ I-5ဖြင့် ပြန်လည်တင်ပြရပါမည်။

၆။      Struck Off ဖော်ပြခြင်းခံရသောကုမ္ပဏီဖြစ်ပါကတရားရုံးကင်းလွတ်ခွင့် ရရှိရန် လျှောက်ထား ရသည့် ကုန်ကျစရိတ်နှင့် မြန်မာနိုင်ငံကုမ္ပဏီများဥပဒေပါ လိုက်နာရန်ပျက်ကွက်ထားကြောင်း ကုမ္ပဏီ၏ ပုံရိပ်ကျန်ရှိနေမည်ဖြစ်ပါသောကြောင့် ARတင်ပြခြင်းကို အထူးဂရုပြုလိုက်နာ ဆောင်ရွက် ကြရန် ထပ်မံတိုက်တွန်းနှိုးဆော်အပ်ပါသည်။