ဒုတိယဦးစီးမှူး ရာထူး ၅၂ နေရာအတွက် ရေးဖြေစာမေးပွဲဖြေဆိုခြင်း

Print Friendly, PDF & Email

ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာနမှ လစ်လပ်လျက်ရှိသော ဒုတိယဦးစီးမှူး ရာထူး ၅၂ နေရာအတွက် ရေးဖြေစာမေးပွဲကို ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ ၁၇ရက်နေ့  ၀၉၀၀နာရီမှ ၁၁၀၀နာရီထိ  မြန်မာစာဘာသာရပ်အားလည်းကောင်း၊ ၁၃၀၀နာရီမှ ၁၅၀၀နာရီထိ ဘာသာရပ် ဆိုင်ရာ ဗဟုသုတနှင့် အထွေထွေဗဟုသုတဘာသာရပ်အားလည်းကောင်း ဖြေဆိုခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး (ရုံးချုပ်)တွင် ၄၉၁ ဦးနှင့် ကျန်တိုင်းဒေသကြီး/ ပြည်နယ်ဦးစီးမှူးရုံးများတွင် ၆၉၃ ဦး၊ စုစုပေါင်း ၁၁၈၄ ဦးတို့  အသီးသီး ဖြေဆိုခဲ့ကြပါသည်။

၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁၈ ရက်နေ့ ၀၉၀၀နာရီမှ ၁၁၀၀နာရီထိ အင်္ဂလိပ်စာ ဘာသာရပ်အား ဆက်လက်၍ ဖြေဆိုသွားမည်ဖြစ်ပါကြောင်း သတင်းရရှိပါသည်။