CORONAVIRUS DISEASE 2019 (COVID-19) ကြောင့်ဖြစ်ပေါ်လာနိုင်သည့်စီးပွားရေးသက်ရောက်မှုများအပေါ်ကုစားရေးလုပ်ငန်းကော်မတီ၏ သတင်းထုတ်ပြန်ချက်(၁၀/၂၀၂၀)

Print Friendly, PDF & Email

၁။            Coronavirus Disease 2019 (COVID-19) ကြောင့် ဖြစ်ပေါ်လာနိုင်သည့် စီးပွားရေး သက်ရောက်မှုများအပေါ် ကုစားရေးလုပ်ငန်းကော်မတီ အစည်းအဝေး (၁၀/၂၀၂၀) ဆုံးဖြတ်ချက် အရ ချေးငွေလျှောက်ထားသည့် လုပ်ငန်းများအနက် ပူးတွဲပါ လုပ်ငန်း (၁၂၀၀) ခုသို့ ခွင့်ပြုငွေ ပမာဏ ကျပ် (၂၁.၁၂၂) ဘီလီယံကို ဒုတိယအကြိမ် COVID-19 Fund မှ ချေးငွေ ထုတ်ယူခွင့်ပြု လိုက်ပါသည်။

၂။            အဆိုပါ ချေးငွေထုတ်ယူခွင့် ရရှိသူများအား ဘဏ်လုပ်ထုံး လုပ်နည်းများနှင့်အညီ စိစစ်၍ ချေးငွေထုတ်ပေးရာတွင် ဘဏ်တစ်ခုခု၌ တရားစွဲဆိုခံထားရသည့် လုပ်ငန်းဖြစ်ပါက ချေးငွေများ ထုတ်ပေးမည် မဟုတ်ပါကြောင်းနှင့် ကျန်ရှိသည့် လျှောက်လွှာများအား ချေးငွေများ ဆက်လက်ထုတ်ပေးနိုင်ရေး စိစစ်ဆောင်ရွက်လျက်ရှိပါကြောင်း သတင်းထုတ်ပြန်အပ်ပါသည်။

PDF icon 20201016_attach_1200_list_for_2_times_2nd_loan.pdf