ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးခြင်း

ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်းစစ်ဆေးခြင်း

Posted on 01 March 2023

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ တာဝန်ရှိသူများပါဝင်သော ကွင်းဆင်းစစ်ဆေးရေးအဖွဲ့သည် ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် အတွင်းရှိ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီတို့၏ ခွင့်ပြုမိန့်၊  အတည်ပြုမိန့်တို့ဖြင့် သကြားထုတ်လုပ်ခြင်းလုပ်ငန်း၊ ဘိလပ်မြေထုတ်လုပ်ခြင်း လုပ်ငန်း၊ BOT စနစ်ဖြင့် လမ်းအဆင့်မြှင့်တင် ဖောက်လုပ်ခြင်း လုပ်ငန်းများ၊  ပိုးစာပင်စိုက် ပျိုးခြင်းနှင့်  ပိုးအိမ်ထုတ်လုပ်ခြင်းလုပ်ငန်း၊ မျိုးစေ့များ ထုတ်လုပ်ရောင်းချခြင်းလုပ်ငန်း၊ ကော်ဖီ စိုက်ပျိုးထုတ်လုပ်ခြင်းလုပ်ငန်း၊ အဆင့်မြင့် နာနတ်သီး စားသောက်ကုန်ထုတ်လုပ် ရောင်းချခြင်း လုပ်ငန်း၊ နို့စားနွား၊ အသားစားကျွဲ၊ နွားမွေးမြူခြင်း၊ နို့နှင့်အေးခဲအမဲသား ထုတ်လုပ်၍ ဖြန့်ဖြူး ရောင်းချခြင်းလုပ်ငန်းတို့ကို ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှ မှ ၂၀၂၃ ခုနှစ်၊ ဖေဖော်ဝါရီလ ၂၄ ရက်နေ့အထိ  သွားရောက်ကွင်းဆင်း၍ လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ပါသည်။