DICA – Directorate of Investment and Company Registration, Ministry of Investment and Foreign Economic Relations (MIFER),
pic3_0
Invest In Myanmar

Grow Your Business In The Golden Land Of Opportunity

business
MyInDy

Myanmar Online Investment Directory

MyInDy supports contact information easy to find via online

Coffee
DOSo

DICA Online Solution

Start your day with fresh idea DOSo is here for you

pic2_0
MYCO

Myanmar Companies Online

Register your business on Myanmar Compaines Online (MyCo) now

CoronaVirus
Covid-19

Announcements

Latest News On Coronavirus Disease (COVID-19)

previous arrow
next arrow

OUR MISSION

FACILITATE BUSINESS
PROMOTE INVESTMENT
SUSTAIN THE COUNTRY'S DEVELOPMENT

နောက်ဆုံးရသတင်းများ

နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှု စာရင်းအင်းဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲ အခမ်းအနား ကျင်းပခြင်း

၂၀၂၃ ခုနှစ်အတွက် မြန်မာနိုင်ငံအတွင်းသို့ စီးဝင်လာခဲ့သော နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု အမှန်စာရင်းပြုစုနိုင်ရေးနှင့် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု သဘောတရားများ၊ Survey Form ဖြည့်နည်းတို့ကို သိရှိနားလည်သဘောပေါက်စေရန် ရည်ရွယ်၍ နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှု စာရင်းအင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ၂၀၂၄ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့တွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၌ စတင်ကျင်းပခဲ့ပါသည်။အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၏ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဒေါ်တင်အေးဟန်က အဖွင့်အမှာစကားပြောကြားခဲ့ပြီး စီမံကိန်းနှင့်စာရင်းအင်း ဌာနခွဲမှ ဘာသာရပ်ကျွမ်းကျင်သူများနှင့် ပြင်ပ Outsourcing မှ Financial & Accounting ကုမ္ပဏီ၏ ကျွမ်းကျင်ပညာရှင်တို့က FDI Concept ၊  Definition ၊ Methodologies နှင့် Survey Questionnaire Form ဖြည့်သွင်းနည်းများကို ဆွေးနွေးပို့ချခဲ့ပါသည်။အလုပ်ရုံဆွေးနွေးပွဲအား ၂၀၂၄ ခုနှစ်၊ ဧပြီလ ၃ ရက်နေ့မှ ၄ ရက်နေ့အထိ (၂)ရက်ကြာ ကျင်းပမည် ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန၌ မှတ်ပုံတင်ထားသည့် နိုင်ငံခြားတိုက်ရိုက် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများ ဆောင်ရွက်နေသည့် ကုမ္ပဏီများမှ တစ်ရက်လျှင် ၄၅ ခုနှုန်းဖြင့် စုစုပေါင်း ကုမ္ပဏီပေါင်း (၉၀)ခုတို့၏ အထွေထွေမန်နေဂျာများ၊ Financial Controller များ၊ Chief Accountants များနှင့် Accountants များ ပါဝင်သည့် ကိုယ်စားလှယ် (၁၇၀)ကျော် တက်ရောက်ခဲ့ကြ ပါသည်။အလုပ်ရုံဆွေးနွေးပွဲရလဒ်အဖြစ် ယခု တက်ရောက်လာသော ကုမ္ပဏီများနှင့် ယခင် Survey များတွင် ပူးပေါင်းပါဝင်ခဲ့သည့် ကုမ္ပဏီ (၁၅၀)ခု စုစုပေါင်း (၂၅၀) ခုအတွက် Survey  ကောက်ယူမည်ဖြစ်ပြီး ၂၀၂၃ ခုနှစ်အတွက် နိုင်ငံခြားတိုက်ရိုက်ရင်းနှီးမြှုပ်နှံမှုအမှန်စာရင်းအား ၂၀၂၄ ခုနှစ်၊ ဇွန်လတွင် ထုတ်ပြန်ဆောင်ရွက်သွားမည်ဖြစ်ပါသည်။

POSTED ON 17 Dec 2024
ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ၏ (၁၂/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

ရန်ကုန်တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ၏ (၁၂/၂၀၂၄) ကြိမ်မြောက် အစည်း အဝေးကို ၂၀၂၄ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက်နေ့တွင် ရန်ကုန်မြို့၊ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီရုံး၌ ကျင်းပပြုလုပ်ခဲ့ပါသည်။အဆိုပါအစည်းအဝေးသို့ ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ကော်မတီအဖွဲ့ဝင်များ၊ အထူး ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ပါသည်။အစည်းအဝေးတွင် ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီသည် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းကဏ္ဍနှင့် စက်မှုကဏ္ဍတို့တွင် ရာခိုင်နှုန်းပြည့်မြန်မာနိုင်ငံသား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း (၁)ခုနှင့်  နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း (၂)ခုတို့ကို အတည်ပြုပေးခဲ့ပါသည်။ အဆိုပါ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ၏ မတည်ငွေရင်း ပမာဏမှာ ကျပ် ၁,၁၈၀ သန်းနှင့်  အမေရိကန်‌ ဒေါ်လာ ၂.၂၂၀ သန်း  ဖြစ်ပြီး ပြည်တွင်း အလုပ်အကိုင် အခွင့်အလမ်း ၂,၄၄၀ ဦး အတွက် ဖန်တီး ပေးနိုင်မည်ဖြစ်ပါသည်။ထို့အပြင် အစည်းအဝေးတွင် အထွေထွေ ကိစ္စရပ်များ တင်ပြလာသည့် ကုမ္ပဏီ (၁၃)ခု ၏ တင်ပြချက်များ ကိုလည်း ဆွေးနွေး ဆုံးဖြတ်ခဲ့ကြပါသည်။

POSTED ON 27 Dec 2024
မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (၁၁/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကျင်းပခြင်း

မကွေးတိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီ (၁၁/၂၀၂၄) ကြိမ်မြောက် အစည်းအဝေးကို ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။ အစည်းအဝေးသို့ မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဥက္ကဋ္ဌ၊ မကွေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးတင့်လွင်နှင့် ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပါသည်။           အစည်းအဝေးတွင် မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုလုပ်ငန်း ၁ ခုက တည်ဆောက်မှု/ ပြင်ဆင်မှု ကာလတိုးမြှင့်ခွင့်ပြုပါရန် တင်ပြခြင်းအပေါ် ဆွေးနွေးခြင်းနှင့် မကွေးတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ ကြီးကြပ်ရေးအဖွဲ့က ကွင်းဆင်းဝန်ဆောင်မှုပေးခဲ့သည့် ရင်းနှီးမြှုပ်နှံမှုလုပ်ငန်းများအပေါ် ဆွေးနွေးခြင်း တို့ကို ဆောင်ရွက်ခဲ့ပါသည်။

POSTED ON 26 Dec 2024
သတင်းများ ဆက်လက်ဖတ်ရှုပါရန်»

မိမိတို့အကြောင်း

စီးပွားရေးလုပ်ငန်းများနှင့် အစိုးရကြား ကနဦးပေါင်းကူးဆက်သွယ်ခြင်းအနေဖြင့် DICA သည် ပုဂ္ဂလိက လုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေရေးမြှင့်တင်ရန်၊ အကျိုးဖြစ်ထွန်းစေသော ရင်းနှီးမြှုပ်နှံမှု ဝန်းကျင်ကောင်းအား ဖန်တီးပေးခြင်းဖြင့် နိုင်ငံသားနှင့် နိုင်ငံခြားသား ရင်းနှီးမြှုပ်နှံမှုများအား မြှင့်တင်ရန် ရှိပါ သည်။

အခြေခံအချက်အလက်

ကုမ္ပဏီမှတ်ပုံတင်ခြင်း

စီးပွားရေးလုပ်ငန်းရှင်တစ်ဦးသည် မြန်မာနိုင်ငံတွင်အကျိုးတူစီးပွားရေးလုပ်ငန်းတစ်ရပ်ကို စတင်ဆောင်ရွက်မှုမပြုခင် သို့မဟုတ် ရင်းနှီးမြှုပ်နှံမှုမပြုခင် ယင်းပုဂ္ဂိုလ်သည် မြန်မာနိုင်ငံသားဖြစ်လျှင်သော်လည်းကောင်း၊ နိုင်ငံခြားသားဖြစ်လျှင်သော်လည်းကောင်း မှတ်ပုံတင်ခြင်းသည် ၄င်းပြုလုပ်ရမည့် ပထမဆုံးအဆင့် ဖြစ်ပါသည်။ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေ(၂၀၁၇)အရ ကုမ္ပဏီတစ်ခုသည် အောက်ဖော်ပြပါ ပုံစံတစ်ခုအနေဖြင့် မှတ်ပုံတင်နိုင်ပါသည်။

  • မြန်မာနိုင်ငံသား တစ်ဦးပိုင် (သို့မဟုတ်) အများပိုင် ကုမ္ပဏီတစ်ခုအနေဖြင့်
  • နိုင်ငံခြားသားပိုင် ကုမ္ပဏီ (သို့မဟုတ်) ကုမ္ပဏီ ရုံးခွဲတစ်ခုအနေဖြင့်
  • ဖက်စပ်ကုမ္ပဏီတစ်ခုအနေဖြင့်
  • အသင်းအဖွဲ့တစ်ခု/ အကျိုးအမြတ်မယူသော အဖွဲ့အစည်းတစ်ခုအနေဖြင့်

ပထမအဆင့်နေဖြင့်
MyCO တွင်အမည်အားစစ်ဆေးပါ။
MyCO ကုမ္ပဏီမှတ်ပုံတင်ခြင်းဖောင်ပုံစံအား ဖြည့်သွင်းပါ။
ဖောင်ပုံစံတင်ခြင်းနှင့် ကုမ္ပဏီမှတ်ပုံတင်ကြေးပေးသွင်းခြင်း။
ဆက်လက်ဖတ်ရှုရန်

MIC ခွင့်ပြုမိန့် လျှောက်ထားခြင်း

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် ရင်းနှီးမြှုပ်နှံမှု အဆိုပြုလွှာများအား ကြည့်ရှုစစ်ဆေးခြင်းနှင့် ခွင့်ပြုချက်ပေးခြင်း၊ အထူးကဏ္ဍဖွံ့ဖြိုးမှုများနှင့် ပတ်သက်သော သဘောထား ထုတ်ပြန်ချက်များအား ပုံမှန်ထုတ်ပြန်ခြင်းများအတွက် တာဝန်ရှိပါသည်။ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သည် အစိုးရဝန်ကြီးဌာနများ၊ အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များနှင့် ကျွမ်းကျင်ပညာရှင်များဖြင့် ဖွဲ့စည်းထားပါသည်။


လုပ်ငန်းစဉ်
ခွင့်ပြုမိန့် ရယူရန်အတွက် လိုအပ်သော သတင်းအချက်အလက်များအား DICA ဝက်ဘ်ဆိုက်အား အသုံးပြု၍ ရယူပါ။
ပထမဦးစွာ-ရင်းနှီးမြှုပ်နှံသူများသည် အဆိုပြုလွှာအား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်သို့ တင်ပြရမည်ဖြစ်သည်။
အဆိုပြုလွှာသည် သတ်မှတ်ချက်များနှင့် ကိုက်ညီမှုရှိပါက ၁၅ ရက်အတွင်း လက်ခံမည်ဖြစ်ပါသည်။
အဆိုပြုလွှာလက်ခံခြင်း ခံရပါက မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်မှ အဆိုပြုလွှာအား ပြန်လည်သုံးသပ်ပြီးနောက် ဆုံးဖြတ်ချက်အား ရက်ပေါင်း ၆၀ အတွင်း သိရှိနိုင်မည်ဖြစ်ပါသည်။
ဆက်လက်ဖတ်ရှုရန်